၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း (၃)ရက်၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ဥပဒေအမှတ် (၁/၂၀၁၁)ဖြင့် မျိုးစေ့ဥပဒေပြဌာန်းခဲ့ပါသည်။ ဥပဒေ၏ အခန်း (၁)၊ ပုဒ်မ (၁)(ခ)တွင် ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး (၂)နှစ်ပြည့်မြောက်သည့် နေ့ ရက်မှ စတင်၍ အာဏာတည်စေရမည်ဟုဖော်ပြထားပါသည်။ ယခုအခါ မျိုးစေ့ဥပဒေကိုထုတ်ပြန်ကြေညာ ပြီးသည်မှာ (၂)နှစ်ပြည့်မြောက်ပြီးဖြစ်၍ အာဏာတည်ပြီးဖြစ်သည့်အတွက် မျိုးစေ့ဥပဒေနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်စိုက်ပျိုးရေး ကုမ္ပဏီများနှင့် တောင်သူများသိရှိလိုက်နာဆောင်ရွက်ကြစေရေး အသိပေးဖော်ပြလိုက်ပါသည်-
အခန်း(၁၀)
တားမြစ်ချက်များ
ပုဒ်မ (၂၄)
၁။ မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်းမပြုရ။
ပုဒ်မ (၂၅)
၂။ မည်သူမျှလိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။
ပုဒ်မ (၂၆)
၃။ လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေ:အာမခံချက်နှင့်ကိုက်ညီခြင်းမရှိသော မျိုးစေ့ကိုသော် လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှုခံယူခြင်း မပြုရသေးသော မျိုးစေ့ကိုသော်လည်း ကောင်း ဖြန့်ဖြူးခြင်းမပြုရ။
ပုဒ်မ (၂၇)
၎။ မည်သူမျှမှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကိုဖွင့်လှစ်ခြင်းမပြုရ။
အခန်း(၁၁)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
ပုဒ်မ(၂၈)
၅။ မည်သူမဆို ပုဒ်မ ၂၄၊ ၂၅ သို့မဟုတ် ၂၆ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှု နှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
ပုဒ်မ(၂၉)
၆။ မည်သူမဆို ပုဒ်မ ၂၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှု နှင့်သက်ဆိုင်သော သက်သေခံပစ္စည်း များကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
ပုဒ်မ(၃၀)
၇။ သက်ဆိုင်ရာတရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော မျိုးစေ့နှင့်ထုပ်ပိုးပစ္စည်းများကို လည်းကောင်း၊ မျိုးစေ့အရည်အသွေး စစ်ဆေးခန်းသုံးပစ္စည်းများကို လည်းကောင်း စီမံခန့်ခွဲရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရမည်။
Taunggyitownshipgad
Tuesday, December 17, 2013
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ရန်၊နိုင်ငံတော်အလံ လွှင့် ထူရန်နှင့် ရောင်စုံမီးများ ထွန်းညှိထားရန်နှိုးဆော်ခြင်း
၂၀၁၃ ဒီ ၁၇
၁။ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို (၄-၁-၂၀၁၄)ရက်နေ့တွင် အဝေရာကုန်း မြင့်သာယာ (မီးပုံးပျံကွင်း)၌ (၀၈၀၀)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အခမ်းအနားသို့ သတ်မှတ် အင်အားအတိုင်း (၄-၁-၂၀၁၄)ရက်နေ့ (၀၇၀၀)နာရီ အရောက်မပျက်မကွက် (မပျက်မကွက်)တက်ရောက်ရန် ဖိတ်ကြားပါသည်။
၂။ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာအဆောက်အဦးများ၊ အများပြည်သူနှင့်ဆိုင်သော ရုံးများ၊ ကျောင်းများ၊ ရပ်ကွက်အတွင်းရှိ လူနေ အဆောက်အဦးများတွင် (၄-၁-၂၀၁၄)ရက်နေ့ နံနက် (၀၆၀၀)နာရီအချိန်မှ ညနေအထိ နိုင်ငံတော်အလံများလွှင့်ထူရေး (၃.၁.၂၀၁၄)မှ (၄.၁.၂၀၁၄)ရက်နေ့ညများတွင် ရောင်စုံမီးအလှထွန်းညှိရေး စီစဉ်ဆောင်ရွက်သွားရန် အကြောင်းကြား ပါသည်။
၃။ (၄-၁-၂၀၁၄)ရက်နေ့ နံနက် (၀၄၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် အလံတင်အခမ်း အနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မပျက်မကွက် တက်ရောက်ကြရပါမည်။အဝေရာကုန်းမြင့်သာယာ (မီးပုံးပျံကွင်း)သို့ ၎င်းနေ့နံနက် (၀၃၀၀)နာရီအချိန် နေရာယူပြီးဖြစ်ရပါမည်။
မှတ်ချက်။ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အားကစားပြိုင်ပွဲများ ပြုလုပ်သွားရန်နှင့် ကျောက်တိုင် အားကစားကွင်းအတွင်း ပြုလုပ်မည့်အားကစားပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရေး နိုးဆော်ပေး သွားရန်။
မြို့နယ်အုပ်ချုပ်ရေးမှူး
(ဇော်မြင့်သိန်း၊ ပ/၃၇၄၂)

တောင်ကြီးမြို့တွင် အအေးနှုန်းပို၊ လေတိုက်နှုန်းမြင့်
တောင်ကြီး ဒီ ၁၇
တောင်ကြီးမြို့တွင် ဒီဇင်ဘာ (၁၅)ရက်နေ့မှ စတင်၍ အအေးပိုကဲသဖြင့် ယနေ့တောင်ကြီးမြို့၏ အပူချိန်မှာ(၂)ဒီဂရီ စင်တီကရိတ် အထိ ရောက်ရှိခဲ့ပါသည်။ အလားတူ လွိုင်လင်မြို့တွင် အနှုတ် (၁)၊
သီပေါမြို့တွင်အနှုတ် (၀.၀၁)အထိ အပူချိန်ကျဆင်းခဲ့ပြီး ရှမ်းပြည်နယ်အတွင်းအအေးဆုံးမြို့ များဖြစ်ပါသည်။
လေအေးတိုက်နှုန်းမြင့်မားပြီး၊ နေရောင်ခြည်ကျရောက်သော်လည်း နေပူထဲတွင် အသားစပ်အောင်ပူပြီး၊
အရိပ်ထဲတွင်အအေးနှုန်းကျဆင်းခြင်းမရှိခဲ့ပေ။ တောင်ကြီးမြို့ပေါ်တွင် Heater များ ရောင်းအားကောင်းခဲ့ပြီး
ဈေးပေါသော Heater များ၊ ခြေအိတ်၊ လက်အိတ်၊ အနွေးဦးထုပ်၊ ရေနွေးအိတ်များသည် ပစ္စည်းပြတ် သည်အထိ ရောင်းအားကောင်းခဲ့ကြောင်းသတင်းရရှိပါသည်။

Subscribe to:
Posts (Atom)