Thursday, August 22, 2013

တောင်ကြီးမြို့၊ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

၂၁-၈-၂၀၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့၊ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား (၂၁-၈-၂၀၁၂)ရက်နေ့၊ နေ့လည် (၁၃၀၀)နာရီအချိန်မှ စတင်၍ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းမှ အနောက်မြို့ပတ်လမ်း တစ်လျှောက်နှင့်မဏ္ဍပ် (၁၁)ခုတို့တွင် ရပ်ကွက်ပြည်သူများ မှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး ညနေ (၁၅၀၀) နာရီအချိန် မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ မင်းကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများဖြစ်ကြ သော  လျှပ်စစ်ဝန်ကြီး၊ စီမံ/စီးပွားဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဆန်ကုန်သည် ကြီးများအသင်း၊ တောင်ကြီးမြို့ပေါ် (၂၂)ရပ်ကွက်၊ အေးသာယာ၊ ရွှေညောင်ရပ်ကွက်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်ပြည်သူအလှူရှင်များမှ သံဃာတော် (၁၃၇၅)ပါးအား လမ်းကြောင်းတစ်လျှောက် ဆွမ်းဆန်စိမ်း၊ (၆၃၄)အိတ်နှင့် လှူဖွယ်ဝတ္တု ပစ္စည်းများဖြစ်သော ဝတ္ထုငွေနှင့် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး (တန်ဖိုး-၃၆၀၀၀၀ဝိ/-)တို့ကို လောင်းလှူခဲ့ကြပြီး တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၉၀)ကျောင်းနှင့် သီလရှင်ကျောင်း (၁၅) ကျောင်းအား ဆွမ်းဆန်အိတ် (၅၆၆)အိတ်ကို ခွဲဝေလှူဒါန်းပေးခဲ့ရာ စုစုပေါင်းလောင်း လှူခဲ့သော ဆွမ်းဆန်အိတ်ပေါင်းမှာ (၁၂၀၀)အိတ် (တန်ဖိုး-၂၂၂၀၀၀၀ဝိ/-)ဖြစ်ပြီး၊ စုစုပေါင်း ဆွမ်းဆန် အိတ်နှင့် လှူဖွယ်ဝတ္ထုများ (တန်ဖိုး-၂၅၈၀၀၀၀ဝိ/-)ကျပ် လောင်းလှူခဲ့ပါကြောင်း တင်ပြ အပ်ပါသည်။












No comments:

Post a Comment