Tuesday, December 17, 2013

မျိုးစေ့ဥပဒေများ ပြဌာန်းပြီးဖြစ်၍ သီးနှံစိုက်ပျိုးသူ တောင်သူများ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် နိုးဆော်

၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း (၃)ရက်၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ဥပဒေအမှတ် (၁/၂၀၁၁)ဖြင့် မျိုးစေ့ဥပဒေပြဌာန်းခဲ့ပါသည်။ ဥပဒေ၏ အခန်း (၁)၊ ပုဒ်မ (၁)(ခ)တွင် ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး (၂)နှစ်ပြည့်မြောက်သည့် နေ့ ရက်မှ စတင်၍ အာဏာတည်စေရမည်ဟုဖော်ပြထားပါသည်။ ယခုအခါ မျိုးစေ့ဥပဒေကိုထုတ်ပြန်ကြေညာ ပြီးသည်မှာ (၂)နှစ်ပြည့်မြောက်ပြီးဖြစ်၍ အာဏာတည်ပြီးဖြစ်သည့်အတွက် မျိုးစေ့ဥပဒေနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်စိုက်ပျိုးရေး ကုမ္ပဏီများနှင့် တောင်သူများသိရှိလိုက်နာဆောင်ရွက်ကြစေရေး  အသိပေးဖော်ပြလိုက်ပါသည်-

အခန်း(၁၀)
တားမြစ်ချက်များ

ပုဒ်မ (၂၄)
၁။    မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်းမပြုရ။

ပုဒ်မ (၂၅)
၂။    မည်သူမျှလိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

ပုဒ်မ (၂၆)
၃။    လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေ:အာမခံချက်နှင့်ကိုက်ညီခြင်းမရှိသော မျိုးစေ့ကိုသော် လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှုခံယူခြင်း မပြုရသေးသော မျိုးစေ့ကိုသော်လည်း ကောင်း ဖြန့်ဖြူးခြင်းမပြုရ။

ပုဒ်မ (၂၇)
၎။    မည်သူမျှမှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကိုဖွင့်လှစ်ခြင်းမပြုရ။

အခန်း(၁၁)
ပြစ်မှုနှင့်ပြစ်ဒဏ်များ

ပုဒ်မ(၂၈)
၅။    မည်သူမဆို ပုဒ်မ ၂၄၊ ၂၅ သို့မဟုတ် ၂၆ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှု နှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

ပုဒ်မ(၂၉)
၆။    မည်သူမဆို ပုဒ်မ ၂၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှု နှင့်သက်ဆိုင်သော သက်သေခံပစ္စည်း များကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

ပုဒ်မ(၃၀)
၇။    သက်ဆိုင်ရာတရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော မျိုးစေ့နှင့်ထုပ်ပိုးပစ္စည်းများကို လည်းကောင်း၊ မျိုးစေ့အရည်အသွေး စစ်ဆေးခန်းသုံးပစ္စည်းများကို လည်းကောင်း စီမံခန့်ခွဲရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရမည်။
Taunggyitownshipgad

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ရန်၊နိုင်ငံတော်အလံ လွှင့် ထူရန်နှင့် ရောင်စုံမီးများ ထွန်းညှိထားရန်နှိုးဆော်ခြင်း

၂၀၁၃ ဒီ ၁၇

၁။        (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို (၄-၁-၂၀၁၄)ရက်နေ့တွင် အဝေရာကုန်း မြင့်သာယာ (မီးပုံးပျံကွင်း)၌ (၀၈၀၀)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အခမ်းအနားသို့ သတ်မှတ် အင်အားအတိုင်း (၄-၁-၂၀၁၄)ရက်နေ့ (၀၇၀၀)နာရီ အရောက်မပျက်မကွက် (မပျက်မကွက်)တက်ရောက်ရန် ဖိတ်ကြားပါသည်။
၂။        (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာအဆောက်အဦးများ၊ အများပြည်သူနှင့်ဆိုင်သော ရုံးများ၊ ကျောင်းများ၊ ရပ်ကွက်အတွင်းရှိ လူနေ အဆောက်အဦးများတွင်        (၄-၁-၂၀၁၄)ရက်နေ့ နံနက် (၀၆၀၀)နာရီအချိန်မှ ညနေအထိ နိုင်ငံတော်အလံများလွှင့်ထူရေး (၃.၁.၂၀၁၄)မှ (၄.၁.၂၀၁၄)ရက်နေ့ညများတွင် ရောင်စုံမီးအလှထွန်းညှိရေး စီစဉ်ဆောင်ရွက်သွားရန် အကြောင်းကြား ပါသည်။
၃။        (၄-၁-၂၀၁၄)ရက်နေ့ နံနက် (၀၄၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် အလံတင်အခမ်း အနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မပျက်မကွက် တက်ရောက်ကြရပါမည်။အဝေရာကုန်းမြင့်သာယာ (မီးပုံးပျံကွင်း)သို့ ၎င်းနေ့နံနက် (၀၃၀၀)နာရီအချိန် နေရာယူပြီးဖြစ်ရပါမည်။
မှတ်ချက်။    ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အားကစားပြိုင်ပွဲများ ပြုလုပ်သွားရန်နှင့် ကျောက်တိုင် အားကစားကွင်းအတွင်း ပြုလုပ်မည့်အားကစားပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရေး နိုးဆော်ပေး သွားရန်။


                                                                                      မြို့နယ်အုပ်ချုပ်ရေးမှူး
                                                                                    (ဇော်မြင့်သိန်း၊ ပ/၃၇၄၂)

တောင်ကြီးမြို့တွင် အအေးနှုန်းပို၊ လေတိုက်နှုန်းမြင့်

တောင်ကြီး ဒီ ၁၇

တောင်ကြီးမြို့တွင် ဒီဇင်ဘာ (၁၅)ရက်နေ့မှ စတင်၍ အအေးပိုကဲသဖြင့် ယနေ့တောင်ကြီးမြို့၏ အပူချိန်မှာ(၂)ဒီဂရီ စင်တီကရိတ် အထိ ရောက်ရှိခဲ့ပါသည်။ အလားတူ လွိုင်လင်မြို့တွင် အနှုတ် (၁)၊
 သီပေါမြို့တွင်အနှုတ် (၀.၀၁)အထိ အပူချိန်ကျဆင်းခဲ့ပြီး ရှမ်းပြည်နယ်အတွင်းအအေးဆုံးမြို့ များဖြစ်ပါသည်။
လေအေးတိုက်နှုန်းမြင့်မားပြီး၊ နေရောင်ခြည်ကျရောက်သော်လည်း နေပူထဲတွင် အသားစပ်အောင်ပူပြီး၊
အရိပ်ထဲတွင်အအေးနှုန်းကျဆင်းခြင်းမရှိခဲ့ပေ။ တောင်ကြီးမြို့ပေါ်တွင် Heater များ ရောင်းအားကောင်းခဲ့ပြီး
ဈေးပေါသော  Heater များ၊ ခြေအိတ်၊ လက်အိတ်၊ အနွေးဦးထုပ်၊ ရေနွေးအိတ်များသည်  ပစ္စည်းပြတ် သည်အထိ ရောင်းအားကောင်းခဲ့ကြောင်းသတင်းရရှိပါသည်။

Sunday, August 25, 2013

မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ကွင်းဆင်းတွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း

(၂၅-၈-၂၀၁၃)ရက်နေ့၊ (၀၉၀၀)နာရီအချိန်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ဓမ္မာရုံတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီတို့ပူးပေါင်း၍ အေးသာယာမြို့ရှိ ရပ်ကွက် (၁၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများစုစုပေါင်းအင်အား (၈၀)ဦးခန့်နှင့် တွေ့ဆုံဆွေးနွေးရာ (၁၂၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။ (၁၃၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာ အုပ်စု၊ ပေါမူကျေးရွာ၊ ပေါမူဘုန်းတော်ကြီးကျောင်း၌ နန်းဟူး၊ နန်းဟောင်း၊ လွယ်တော်၊ မင်္ဂလာ၊ ဘန့်ကွေးကျေးရွာအုပ်စုများမှ အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၆၀) ဦး နှင့်တွ့ဆုံဆွေးနွေးရာ(၁၅၃၀)နာရီအချိန်တွင်ပြီးဆုံးခဲ့ပါကြောင်းနှင့်ဆွေးနွေးရာ၌ ရပ်ကွက်/ ကျေးရွာအုပ်စု စီးပွားရေး၊လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်သွားရန်
ဆွးနွေးဆောင်ရွက်ခဲ့ပြီးရပ်ကွက်/ကျေးရွာအုပ်စုအထောက်အကူပြုကော်မတီများမှ ပြန်လည် ဆွေးနွေး
တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Add caption
















Thursday, August 22, 2013

တောင်ကြီးမြို့၊ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

၂၁-၈-၂၀၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့၊ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား (၂၁-၈-၂၀၁၂)ရက်နေ့၊ နေ့လည် (၁၃၀၀)နာရီအချိန်မှ စတင်၍ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းမှ အနောက်မြို့ပတ်လမ်း တစ်လျှောက်နှင့်မဏ္ဍပ် (၁၁)ခုတို့တွင် ရပ်ကွက်ပြည်သူများ မှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး ညနေ (၁၅၀၀) နာရီအချိန် မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ မင်းကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများဖြစ်ကြ သော  လျှပ်စစ်ဝန်ကြီး၊ စီမံ/စီးပွားဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဆန်ကုန်သည် ကြီးများအသင်း၊ တောင်ကြီးမြို့ပေါ် (၂၂)ရပ်ကွက်၊ အေးသာယာ၊ ရွှေညောင်ရပ်ကွက်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်ပြည်သူအလှူရှင်များမှ သံဃာတော် (၁၃၇၅)ပါးအား လမ်းကြောင်းတစ်လျှောက် ဆွမ်းဆန်စိမ်း၊ (၆၃၄)အိတ်နှင့် လှူဖွယ်ဝတ္တု ပစ္စည်းများဖြစ်သော ဝတ္ထုငွေနှင့် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး (တန်ဖိုး-၃၆၀၀၀၀ဝိ/-)တို့ကို လောင်းလှူခဲ့ကြပြီး တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၉၀)ကျောင်းနှင့် သီလရှင်ကျောင်း (၁၅) ကျောင်းအား ဆွမ်းဆန်အိတ် (၅၆၆)အိတ်ကို ခွဲဝေလှူဒါန်းပေးခဲ့ရာ စုစုပေါင်းလောင်း လှူခဲ့သော ဆွမ်းဆန်အိတ်ပေါင်းမှာ (၁၂၀၀)အိတ် (တန်ဖိုး-၂၂၂၀၀၀၀ဝိ/-)ဖြစ်ပြီး၊ စုစုပေါင်း ဆွမ်းဆန် အိတ်နှင့် လှူဖွယ်ဝတ္ထုများ (တန်ဖိုး-၂၅၈၀၀၀၀ဝိ/-)ကျပ် လောင်းလှူခဲ့ပါကြောင်း တင်ပြ အပ်ပါသည်။












Saturday, August 17, 2013

ကွင်းဆင်းတွေ့ဆုံဆွေးနွေးဆောင်ရွက်မှုသတင်း


(၁၇-၈-၂၀၁၃)ရက်နေ့၊ (၁၃၀၀)နာရီအချိန်၊တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့၊ သုခချမ်းသာ ရပ်ကွက်၊ ရွှေညီလာခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သော မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေညောင်မြို့ရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် နီးစပ်သည့် ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ အုပ်ချုပ် ရေးမှူးများ၊ အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်နှင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပြီးရပ်ကွက်/ကျေးရွာကော်မတီများမှ ပြန်လည် ဆွေးနွေး  တင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ (၁၇၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။



မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ ရှင်းလင်းဆွေးနွေးစဉ်

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ ရှင်းလင်းဆွေးနွေးစဉ်

မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဆွေးနွေးစဉ်

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီအတွင်းရေးမှူးမှ ဆွေးနွေးစဉ်

မြို့နယ်တရားရုံးမှ ဆွေးနွေးစဉ်

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးစဉ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆွေးနွေးစဉ်

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆွေးနွေးစဉ်

မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဆွေးနွေးစဉ်

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်မှ ဆွေးနွေးစဉ် 
မို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးစဉ် 

တက်ရောက်လာသူများမှ ဆွေးနွေးစဉ်

တက်ရောက်လာသူများမှ ဆွေးနွေးစဉ်

Add caption

Friday, August 16, 2013

တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စုတွင်CP888ပြောင်းမျိုးစိုက်ခင်းသွားရောက်လေ့လာ

(၁၄-၈-၂၀၁၂)ရက်နေ့၊
နံနက်(၀၈၀၀)နာရီအချိန် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံသေကျေးရွာသို့
 တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း ဦးဆောင်၍ မြို့နယ်စိုက်ကြပ်အဖွဲ့နှင့် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ တောင်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးမှ CPကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် ထားသော တောင်သူများ၏ အစေ့ထုတ်ပြောင်းမျိုး CP888 စပ်မျိုးထုတ်သော အစေ့ထုတ်ပြောင်းစိုက်ခင်းများနှင့် အောင်ကြာဖူးသီးနှံအခြောက်ခံစက်ရုံသို့
သွားရောက်လေ့လာဆောင်ရွက်ခဲ့ပါသည်။

Thursday, August 8, 2013

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်း မြေသားပြိုကျမှု ကူညီဆောင်ရွက်


(၇-၈-၂၀၁၃)ရက်နေ့ (၁၇၀၀)နာရီ
 တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)၊ မြို့ရှောင်လမ်းသွယ်၊ အိမ်အမှတ်(ရ/၁၁၈၁) ရှိ ဒေါ်နန်းရင်၏နေအိမ်သည်မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် နေအိမ်တောင်ဘက်ပေါ်သို့
 မြေများပြိုကျခဲ့သဖြင့် နေအိမ်တောင်ဘက်ပိုင်းရှိ အုတ်နံရံအလယ်ပိုင်း မှာ ကွဲအက်သွားပြီး ပွင့်ထွက်ပြိုကျသွားခဲ့ပါသည်။ထိုမြေပြိုမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပြီး နေအိမ်တွင်နေထိုင်သူများအား အနီးရှိ အခြားနေအိမ်တစ်အိမ်တွင် ခေတ္တနေထိုင်နိုင်ရန် ကူညီစီစဉ်ဆောင် ရွက်ပေးခဲ့ပါသည်။


Wednesday, July 24, 2013

တောင်ကြီးမြို့တွင် အငြိမ်းစားအရာရှိကြီးများနှင့် ဌာနအတွင်းမှ သက်ကြီးဝါကြီး အရာရှိကြီးများအား ကန် တော့ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့

ဇူလိုင် (၁၉)ရက်
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တောင်ကြီးမြို့နယ်အတွင်းရှိအထွေထွေအုပ်ချုပ်
 ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့် ဌာနအတွင်းမှ သက်ကြီးဝါကြီး အရာရှိကြီးများအား ကန်
တော့ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အငြိမ်းစားအရာရှိကြီးများဖြစ်ကြသော ဦးချစ်တင်၊
ဦးပွင့်၊ ဦးထွန်းအောင်၊ ဦးခင်သန်း၊ ဦးသီဟန်တို့နှင့် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင် တို့မှ တက်ရောက်လာကြပြီး အခမ်းအနားမှူးမှ အခမ်းအနားအစီ
အစဉ်ကြေညာ၍ အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်
အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆရာဂုဏ်ကျေးဇူးအကြောင်းနှင့်
တပည့်ကျင့်ဝတ်များအကြောင်း ဆရာဆိုသည်မှာ ကောင်းမွန်ဖျတ်လက်သူကို အားကိုးပြီး ၊ ရိုးသားသူအား
ယုံကြည်တတ်ကြောင်း တပည့်များအားလုံး၏အပေါ်တွင် တူညီသော မေတ္တာဆုံးမသြ၀ါဒပြောကြားခဲ့ပြီး၊ ကြွရောက်လာကြသော အငြိမ်းစားအရာရှိကြီးများနှင့် ဌာနမှ သက်ကြီးဝါကြီးဆရာသမားများအား ကန်တော့ပန်းခြင်းများဖြင့် ပူဇော်ကန်တော့ကြကာအငြိမ်းစားအရာရှိကြီးများ၏ကိုယ်စား ဦးသီဟန်မှ ဆုံးမသြ၀ါဒပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသော ဌာနအတွင်းမှ ၀န်ထမ်းများအား ကော်ဖီနှင့် မုန့်များတည်ခင်းဧည့်ခံခဲ့ပြီး အခမ်း
အနားအောင်မြင်စွာပြီးမြောက်ကြောင်းနှင့် မတက်ရောက်နိုင်သည့် ဌာနအငြိမ်းစားဆရာသမားများ အား
အိမ်တိုင်ရာရောက် ကန်တော့ခဲ့ကြကြောင်း သတင်းတင်ပြအပ်ပါသည်။