Wednesday, July 24, 2013

တောင်ကြီးမြို့တွင် အငြိမ်းစားအရာရှိကြီးများနှင့် ဌာနအတွင်းမှ သက်ကြီးဝါကြီး အရာရှိကြီးများအား ကန် တော့ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့

ဇူလိုင် (၁၉)ရက်
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တောင်ကြီးမြို့နယ်အတွင်းရှိအထွေထွေအုပ်ချုပ်
 ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့် ဌာနအတွင်းမှ သက်ကြီးဝါကြီး အရာရှိကြီးများအား ကန်
တော့ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အငြိမ်းစားအရာရှိကြီးများဖြစ်ကြသော ဦးချစ်တင်၊
ဦးပွင့်၊ ဦးထွန်းအောင်၊ ဦးခင်သန်း၊ ဦးသီဟန်တို့နှင့် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင် တို့မှ တက်ရောက်လာကြပြီး အခမ်းအနားမှူးမှ အခမ်းအနားအစီ
အစဉ်ကြေညာ၍ အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်
အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆရာဂုဏ်ကျေးဇူးအကြောင်းနှင့်
တပည့်ကျင့်ဝတ်များအကြောင်း ဆရာဆိုသည်မှာ ကောင်းမွန်ဖျတ်လက်သူကို အားကိုးပြီး ၊ ရိုးသားသူအား
ယုံကြည်တတ်ကြောင်း တပည့်များအားလုံး၏အပေါ်တွင် တူညီသော မေတ္တာဆုံးမသြ၀ါဒပြောကြားခဲ့ပြီး၊ ကြွရောက်လာကြသော အငြိမ်းစားအရာရှိကြီးများနှင့် ဌာနမှ သက်ကြီးဝါကြီးဆရာသမားများအား ကန်တော့ပန်းခြင်းများဖြင့် ပူဇော်ကန်တော့ကြကာအငြိမ်းစားအရာရှိကြီးများ၏ကိုယ်စား ဦးသီဟန်မှ ဆုံးမသြ၀ါဒပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသော ဌာနအတွင်းမှ ၀န်ထမ်းများအား ကော်ဖီနှင့် မုန့်များတည်ခင်းဧည့်ခံခဲ့ပြီး အခမ်း
အနားအောင်မြင်စွာပြီးမြောက်ကြောင်းနှင့် မတက်ရောက်နိုင်သည့် ဌာနအငြိမ်းစားဆရာသမားများ အား
အိမ်တိုင်ရာရောက် ကန်တော့ခဲ့ကြကြောင်း သတင်းတင်ပြအပ်ပါသည်။
 


No comments:

Post a Comment