တောင်ကြီးမြို့အတွင်း
ရေရရှိရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်
နိဒါန်း
၁။ ခေတ်သစ်၊ စနစ်သစ်အချိန်ကာလတွင် ရှမ်းပြည်နယ်၏
မြို့တော် တောင်ကြီးမြို့သည်
မြို့ပြလူဦးရေ၊
အိမ်ထောင်စုလူဦးရေ တိုးပွားလာမှုသည် အဆမတန်ကြီးထွား လျှက်ရှိပါသည်။ လူဦးရေ စာရင်းအရ
တောင်ကြီးမြို့တွင် လူဦးရေ(၁၃၀၀၀၀)ခန့်ရှိသော်လည်း မြေပြင် စာရင်းအရ (၁၅၀၀၀၀)ခန့် ရှိပြီး
လက်ရှိစာရင်းထက် ပိုမိုမည်ဟု ခန့်မှန်းထားရှိပါသည်။ မြို့၏ရေလိုအပ် ချက်မှာ ပုံမှန်နှုန်းထားအရ
လူတစ်ဦးလျှင် တစ်နေ့ရေဂါလန်(၂၀)နှုန်းသုံးစွဲမှုအရ တောင်ကြီးမြို့ လူဦးရေ အတွက် နေ့စဉ်လိုအပ်သည့်
ရေပမာဏမှာ ဂါလန် သိန်း(၃၀)ခန့် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ၂၀၁၃ ခုနှစ် နွေဦးကာလတွင်
တောင်ကြီးမြို့ရှိစက် ရေတွင်းအချို့သည် ရေများခမ်းခြောက်လာကြောင်းတွေ့
ရှိရပါသည်။
ရည်ရွယ်ချက်
၂။ မြို့ပြလူဦးရေကြီးထွားလာသောတောင်ကြီးမြို့တွင်ရေအခက်အခဲမဖြစ်ပေါ်
စေရေးအတွက် လည်းကောင်း၊ အနာဂတ်တွင် ရေပြဿနာမပေါ်ပေါက်စေရေးအတွက် လည်းကောင်း၊ ရေရရှိရေး
ကော်မတီများဖွဲ့စည်းပြီးစနစ်တကျဆောင်ရွက်ရန်အတွက် ဤစီမံချက်ကိုရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်
၃။ တောင်ကြီးမြို့ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ရာတွင်
အောက်ပါလုပ်ငန်းများအား အဆင့် အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
( ခ) လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်း
( ဂ) ရာသီအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း
(ဃ) ကာလတို ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း
( င) နှစ်ရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ တွက်ချက်ဆောင်ရွက်ထားရှိခြင်း
တောင်ကြီးမြို့
ရေရရှိရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၃။ တောင်ကြီးမြို့အတွင်း ရေရှားပါးမှုပြဿနာ
ဖြေရှင်းရေး၊ ရေပြတ်လပ်မှုများ မဖြစ်ပေါ်စေ ရေး၊ ရေရရှိရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်၊
ရေရရှိရေးကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) ဦးစွန်ကြိုင် မြို့မိမြို့ဖ၊
ကန်ရှေ့ရပ်ကွက် နာယက
( ခ ) ဦးသီဟန် မြို့မိမြို့ဖ၊
ရေအေးကွင်းရပ်ကွက် နာယက
( ဂ ) ဦးအေး မြို့မိမြို့ဖ၊
သစ်တောရပ်ကွက် နာယက
(ဃ) ဦးညွှန့်မောင် မြို့မိမြို့ဖ၊
ရေအေးကွင်းရပ်ကွက် နာယက
( င ) ဒေါ်ကြည်မြင့် မြို့မိမြို့ဖ၊
ကျောင်းကြီးစုရပ်ကွက် နာယက
( စ ) ဦးမောင်မောင်မြင့် မြို့မိမြို့ဖ၊
သစ်တောရပ်ကွက် ဥက္ကဌ
(ဆ) ဦးကိုကိုဦး(ခ)အယ်ပွဲ မြို့မိမြို့ဖ၊
ညောင်ရွှေဟော်ကုန်းရပ်ကွက် ဒု-ဥက္ကဌ
( ဇ ) ဦးစိုင်းအုန်းခေါင် မြို့မိမြို့ဖ၊ညောင်ရွှေဟော်ကုန်းရပ်ကွက် အဖွဲ့ဝင်
( ဈ) ဦးသန်းရွှေ မြို့မိမြို့ဖ၊
မင်္ဂလာဦးရပ်ကွက် အဖွဲ့ဝင်
(ည) ဦးစိုင်းအောင်ဆာ မြို့မိမြို့ဖ၊ လမ်းမတော်ရပ်ကွက် အဖွဲ့ဝင်
( ဋ) ဦးအောင်သူ မြို့နယ်မီးသတ်ဦးစီးဌာန အဖွဲ့ဝင်
( ဌ) ဦးထွန်းညွှန့်လှိုင် မြို့နယ်သစ်တောဦးစီးဌာန အဖွဲ့ဝင်
( ဍ) ဦးနေထက်ရှိန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်
( ဎ) ဦးနိုင်လင်း မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အဖွဲ့ဝင်
(ဏ) ဦးတင့်ဆွေ မြို့မိမြို့ဖ၊
အရန်မီးသတ် အဖွဲ့ဝင်
(တ) ဦးအေးကို (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်စား အဖွဲ့ဝင်
( ဎ ) ဦးအောင်ကျော်နိုင် မြို့မိမြို့ဖ၊
ရေအေးကွင်းရပ်ကွက် အတွင်းရေးမှူး
(ဏ) ဦးထွန်းအေးလေး မြို့မိမြို့ဖ၊
မင်္ဂလာဦးရပ်ကွက် တွဲဖက်အတွင်းရေးမှူး
လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း
၎။ တောင်ကြီးမြို့ ရေရရှိရေးကော်မတီ၏
လုပ်ငန်းတာဝန်များကို အောက်ပါအတိုင်း သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) ရေရရှိနိုင်မည့် အရင်းအမြစ်များကို ကွင်းဆင်းရှာဖွေ
စိစစ်ရွေးချယ်သတ်မှတ်ရန်။
( ခ) လုပ်ငန်းဆောင်ရွက်မှုများကို ကနဦးအကောင်အထည်ဖော်သက်သေပြ
ဆောင်ရွက် ခြင်းဖြင့် မြို့လူထုပူးပေါင်းပါဝင်မှု ရရှိအောင် ဆောင်ရွက်သွားရန်။
( ဂ) အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက်
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်
သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများနှင့် လိုအပ်သည်များညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။
(ဃ) လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်အကောင်အထည်ဖော်
အောင်မြင်လာသည့် အခါ အလှူရှင်များ ပေါ်ပေါက်လာပါ ဘဏ္ဍာရေးကော်မတီဖွဲ့စည်း၍ ရရှိသော အလှူငွေများအား
ဘဏ်တွင် စနစ်တကျထည့်သွင်းပြီး လုပ်ငန်းလိုအပ်ချက်အလိုက် ထုတ်ယူသုံးစွဲ ရေးဆောင်ရွက်ရန်။
( င) ရေရရှိရေးကော်မတီအနေဖြင့် လိုအပ်ပါက စိတ်ပါဝင်စားသော
မြို့လူထု အဓိကပါဝင်သည့် အောက်ဖော်ပြပါ ဆပ်ကော်မတီများကို လိုအပ်သလို ဖွဲ့စည်း တာ ဝန်ပေးအပ်သွားရန်-
(၁) ရေအရင်းအမြစ်ကွင်းဆင်းရှာဖွေရေးဆပ်ကော်မတီ
(၂) ပြုပြင်တည်ဆောက်ရေးဆပ်ကော်မတီ
(၃) ဘဏ္ဍာငွေရရှိရေးဆပ်ကော်မတီ
(၄) တည်ဆောက်ရေးနှင့်ပြင်ဆင်ထိန်းသိမ်းရေးဆပ်ကော်မတီ
(၅) လုပ်ငန်းစိစစ်ရေးနှင့်စာရင်းစစ်ဆေးရေးဆပ်ကော်မတီ
(၆) စက်ယန္တရားရှာဖွေရေးဆပ်ကော်မတီ
( စ) အောင်မြင်လာသည့် အကောင်အထည်ဖော် သက်သေပြမှုလုပ်ငန်းများအား
အများ ပြည်သူနှင့်မီဒီယာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင်၊ စိတ်ဝင်စားမှု ဖြစ်ပေါ်လာအောင်
ဆောင်ရွက်ရန်။
(ဆ) NGO အဖွဲ့အစည်းများသော်လည်းကောင်း၊ ပုဂ္ဂလိကတစ်ဦးချင်းအလိုက်သော်
လည်းကောင်း၊ INGO အဖွဲ့များ သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု ရှိလာ နိုင်သည်အထိ
မျှော်မှန်းပြီး ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်သော နည်းပညာ၊ အတတ်ပညာ၊ လူအင်အား၊ ငွေအင်အား
ရရှိသည့်အခါ ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရေးအတွက်ကြိုတင်
ပြင်ဆင် ထားရှိရန်။
( ဇ) အကောင်အထည်ဖော် ဆောင်ရွက်မှုများ အောင်မြင်သည့်
လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်
အစိုးရအဖွဲ့သို့ လမ်းညွှန်မှုခံယူ၍ တောင်ကြီးမြို့ရှိ ပြည်သူများ ရေအပြည့်အဝ ဖူလုံ သည်ထက်ဖူလုံနိုင်သည်အထိ
ရည်မှန်း ဆောင်ရွက်သွားရန်။
အသေးစိတ်ဆောင်ရွက်ရန်လုပ်ငန်းစီမံချက်
၅။ ရာသီအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း။ အောက်ပါလုပ်ငန်း များ ကို ရေတိုရာသီအလိုက်
မိုးဦးကျကာလတွင် အမြန်ပြီးစီးရေး ဆောင်ရွက် သွားရန်ဖြစ်ပါသည်-
(က) နဂါးရေထွက်ရှိရေကန်များကို ကောင်းမွန်ရေးအတွက်
လိုအပ်သည်များကို စည်ပင်
သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်။
( ခ) နဂါးရေထွက်မှ စီးလာသည့် သဘာဝရေလမ်းကြောင်း သန့်ရှင်းရေး၊
ဆယ်တင် ရေးလုပ်ငန်း ဆောင်ရွက်ရန်။
( ဂ) ရေထွက်ဦးကန် မီးရထားလမ်းဖောက်လုပ်စဉ်က မြေပြို၍
ပိတ်ဆို့နေသော
ရေထွက် များကို ပြန်ဖော်ခြင်းနှင့်ရေကန်ဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန်။
(ဃ) မြကန်သာရေကန်တွင် နှုန်းပို့ချနေသော နွံနစ်များကို
ဆယ်ယူရန်။
( င) ဂနိုင်ကန်တွင် နှုန်းတင်အနယ်အနစ်များကို စက်ယန္တရားဖြင့်
ဆယ်တင်ရန်နှင့်ရေပို
မိုသိုလှောင်နိုင်စေရေး ဆောင်ရွက်ရန်။
( စ) သစ်တောရပ်ကွက်ရှိ ရေဂါလန် (၅)သိန်းခန့်ဝင်ဆန့်သော
ရေစုကန်တွင်း
စီးဝင်သော ရေပိုက်လိုင်းများကို စည်ပင် သာယာရေးအဖွဲ့နှင့်ပြန်လည်
ဖော်ထုတ်ပေးရန်။
(ဆ) စည်ပင်သာယာရေးအဖွဲ့မှ မြို့ရေပေးဝေရေးဆက်သွယ်ထားရှိသော
ရေပိုက်လိုင်း မြေပုံကို ပြုစုထားရှိရန်။
( ဇ) သိမ်တောင်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရေကန်အား
ပြန်လည်ဖော်ထုတ်
ဆောင်ရွက်ရန်။
( ဈ) တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်တောင်ကြော၊ တောင်ခြေနှင့်ထိစပ်သော
ရပ်ကွက်များမှဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍
သစ်တော သစ်ပင်ခုတ်ယူမှုများအား ဖမ်းဆီးအရေးယူဆောင်ရွက်ရန်။
ရပ်ကွက်များမှဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍
သစ်တော သစ်ပင်ခုတ်ယူမှုများအား ဖမ်းဆီးအရေးယူဆောင်ရွက်ရန်။
၆။ မိုးတွင်းကာလရေသိုလှောင်နိုင်ရေး အောက်ပါလုပ်ငန်းများကို
အပြီးဆောင်ရွက် သွားရန် ဖြစ်ပါသည်-
(က) နှစ်ပေါင်းများစွာပျက်စီးနေသော သစ်တောရပ်ကွက်အတွင်းရှိ
ရေစုကန်ကြီး ပြန်လည်ပြင်ဆင်ရန်အတွက် ကုန်ကျမည့် တွက်ချက်မှုကို စည်ပင်သာယာရေးအဖွဲ့ နှင့်အမြန်ဆုံးတွက်ချက်ပြုစုရန်။
( ခ) ရေထွက်ဦးရေကန်မှ မိုးတွင်းကာတွင် ပိုလျှံရေများအား
လေလွင့်ဆုံးရှုံးမှု မရှိစေပဲ (၁၀)လက်မပိုက်ဖြင့် မြကန်သာရေကန်အတွင်းသို့ ဖြည့်ဆည်းရန်အတွက်
လိုအပ် သည့်ကုန်ကျမှုအား တွက်ချက်ပြုစုရန်။
( ဂ) နဂါးရေထွက်မှ မိခင်နှင့်ကလေးဆေးရုံသို့ သွယ်တန်းထားသည့်
(၄)လက်မ (GI) ရေပိုက်အား ရေရရှိခြင်းမရှိတော့သည့်အတွက် ရေပြန်လည်ရရှိရေး သွယ်တန်း ဆောင်ရွက်ရန်နှင့်
မိခင်နှင့်ကလေးဆေးရုံအပါအဝင် အများပြည်သူ အသုံးပြုနိုင် ရေးအတွက် လိုအပ်သလို ပြင်ဆင်သွယ်တန်းဆောင်ရွက်ရန်။
(ဃ) ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲရေထွက်ရေကန်သည် မိုးတွင်းသာရေရှိပြီး
ထူးပေါက်ရှိ သည့်အတွက် ရေထိန်းသိမ်းထားနိုင်ခြင်းမရှိမှုအား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပြင်ဆင်ထိန်းသိမ်းပြီး ရေသိုလှောင်စုဆောင်းနိုင်ရေးစီစဉ်ဆောင်ရွက်
ရန်။
ကာလတို ဆောင်ရွက်ရမည့်
လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း
၇။ အောက်ပါလုပ်ငန်းများ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) ကနဦးကာလတွင် ဆောင်ရွက်ခဲ့သည့် မပြီးပြတ်သော ဆောင်ရွက်ရန်ကျန်ရှိသည့်
လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ရန်။
( ခ) အလွယ်တကူပြန်လည်ရရှိနိုင်သည့် ပိတ်ဆို့နေသော ရေထွက်အရင်းအမြစ်များကို
ပြန်လည်ရှာဖွေဖော်ထုတ်ရန်။
( ဂ) စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့်
နားယောင်းရေပေးရေး လုပ်ငန်းအား အများပြည်သူသုံးစွဲနိုင်သည်အထိ စည်ပင်သာယာရေးအဖွဲ့မှ
အကောင် အထည်ဖော်ရာတွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန်။
(ဃ) ရေကန်များတွင် ပို့ချနေသော အနယ်အနစ်များကို နှစ်စဉ်ဆယ်ယူခြင်း
လုပ်ငန်း ဆောင်ရွက်ရန်။
( င) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် တောင်ပေါ်ဟိုတယ်တွင်
အသုံးပြုနေသော (၄) လက်မ (GI)ရေပိုက်မှ ပိုလျှံရေရှိပါက အများပြည်သူရရှိနိုင်အောင် ညှိနှိုင်းခွဲဝေရ
ယူရေး ဆောင်ရွက်ရန်။
( စ) အေးသာယာဝိုင်ဂါးဒင်းအထက်ရှိ ရေထွက်ကို စနစ်တကျတိုင်းတာ၍
မြို့ပေါ်သို့ ပြန်လည် ပေးဝေနိုင်ခြင်း ရှိ/မရှိလေ့လာဆန်းစစ်ရန်နှင့်ရွှေညောင်မြို့၊
အောင်သပြေ ရပ်ကွက်သို့ ရေပေး ဝေနိုင်ရေးဆောင်ရွက်ရန်။
(ဆ) လက်ရှိ နားယောင်းရေထွက်ရေသိုလှောင်မှုကို ပိုမိုမြှင့်တင်သိုလှောင်နိုင်ရေး
အတွက် သက်ဆိုင်ရာ ကျေးရွာ၊ စည်ပင်သာယာရေးအဖွဲ့၊ ရေကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
( ဇ) ပိုမိုကောင်းမွန်သည့် ရေအရင်းအမြစ်များ ထပ်မံရှာဖွေတွေ့ရှိပါက
လိုအပ်သလို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်။
( ဈ) တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်၊ အရှေ့ဘက်တောင်တန်းတလျှောက်
သစ်တော သစ်ပင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်ရန်။
နှစ်ရှည်ဆောင်ရွက်ရမည့်
လုပ်ငန်းများ တွက်ချက်ဆောင်ရွက်ထားရှိခြင်း
၈။ တောင်ကြီးမြို့လူဦးရေသည် တိုးတက်များပြားလာသည်နှင့်အမျှ
ရေလိုအပ်ချက် ပမာဏမှာ နှစ်စဉ်ပိုမိုများပြားလာပြီး မြေအောက်ရေ(အဝီစိ)တွင်း ဖော်ထုတ်သုံးစွဲခြင်းမှာ
အနာဂတ်တွင် ရေခက်ခဲမှု ပြဿနာ ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။ မြေအောက်ရေအစား လတ်တလောရှာဖွေတွေ့ရှိထားသည့်
ရေထွက်မှ တောင်ကြီးမြို့သို့ ရေပေးဝေနိုင်ရေး နှစ်ရှည်လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် အောက်ပါအတိုင်း
လျာထားသတ်မှတ်ထားပါသည်-
(က) ရှာဖွေတွေ့ရှိထားသည့် ရေထွက်မှာ တောင်ကြီး-ဟိုပုံးနယ်စပ်တွင်တည်ရှိပြီး
၎င်းရေထွက်အား တောင်ကြီးမြို့သို့ ရေပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်သည်ဟု
ရေကော်မတီအားလုံး၏ သဘောတူညီဆုံးဖြတ်ချက် အရ အနာဂတ်တွင်ရေပေးဝေရေးလုပ်ငန်းကိုရွေးချယ်ဆောင်ရွက်သွားရန်
ရည်မှန်း ထားပါသည်။
( ခ) ရေထွက်မှရေများအား တောင်ကြီးမြို့သို့ ရေပေးဝေရာတွင်
အဆင့်မြင့်နည်းပညာ ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
( ဂ) ရေရရှိရေး ဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်၊ နည်းပညာ၊
ဖြန့်ဝေမည့်လမ်း ကြောင်းများကို အတတ်ပညာရှင်၊ သက်ဆိုင်ရာဌာနများ၊ ရေကော်မတီများနှင့်
ညှိနှိုင်းဆွေးနွေး၍ အကောင်အထည်ဖော်မည့် စီမံကိန်းအဖြစ် ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပါသည်။
(ဃ) ၎င်းရေထွက်အပြင် ပိုမိုကောင်းမွန်သည့် ရေထွက်၊ အခြားရေအရင်းအမြစ်များ
တွေ့ရှိပါကလည်း ပညာရှင်များနှင့်အားလုံးပူးပေါင်းညှိနှိုင်းတွက်ချက် ဆောင်ရွက် မှုဖြင့်
သင့်တော်သလို ရွေးချယ်ဆောင်ရွက်ရန်ဖြစ်ပါသည်။
( င) ရေရှည်လုပ်ငန်းတစ်ခုအဖြစ် ရှမ်းကုန်းမြေမြင့်များတွင်
သစ်တောသစ်ပင်များ ရနိုင်သလောက်စိုက်ပျိုးရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုခံယူ၍
သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပုဂ္ဂလိကစိုက်ခင်းများပေါ်ပေါက်လာစေရေး ဆောင်ရွက်
သွားရန်ဖြစ်ပါသည်။
နိဂုံး
၉။ တောင်ကြီးမြို့သည် ခေတ်သစ်၊ စနစ်သစ်တွင်
ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နောင်တိုး တက်လာမည့် လူဦးရေကို မျှော်မှန်း၍ အနာဂတ်တွင်
ရေရှားပါးမှု၊ ရေပြတ်လပ်မှု ပြဿနာများ မဖြစ်ပေါ် စေရေးတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်သည့်အင်အားဖြင့်
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
အနီးကပ်ကြီးကြပ် လမ်းညွှန်မှုနှင့်အညီ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်
ပူးပေါင်း၍ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တောင်ကြီးမြို့
ရက်စွဲ၊ ၂၀၁၃
ခုနှစ်၊ မေ လ ( )ရက်
No comments:
Post a Comment