(၆-၃-၂၀၁၄)ရက်နေ့နေ့လည် (၁၅၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော(၁၃၇၅)ခု၊ ၂၀၁၄ ခုနှစ်၊ တောင်ကြီးမြို့ရွှေဘုန်းပွင့်စေတီတော် ဒဿမ အကြိမ် ဗုဒ္ဓပူဇနိယ ပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း၊ (၁၃၇၅)ခု ၊၂၀၁၄ ခုနှစ်တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော် ဒဿမအကြိမ် ဗုဒ္ဓပူဇနိယ ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊
၁။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုင်းထွန်းရင်မှ အဖွင့်အမှာ စကား ပြောကြားရာတွင် တက်ရောက်လာကြသော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘုန်းပွင့်ဘုရားဂေါပကနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးစိတ်၏ ချမ်းသာ ခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါသည်။ မိမိ သည် ပြည်နယ်အစိုးရအဖွဲ့တွင် သာသနာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ပူးတွဲယူထားရပါသည်။ ယနေ့ အစည်းအဝေးတွင်မိမိတို့ အားလုံး ယခုလိုတွေ့ဆုံကြရခြင်းမှာ ပဌာန်းဆက်ရှိလို့ဖြစ်ကြောင်း၊ ထို့ကြောင့် ကုသိုလ်အလုပ်ကို အတူတကွ မင်္ဂလာရှိရှိအမြဲတမ်းချစ်ချစ်ခင်ခင်းပေါင်းသင်းဆောင်ရွက်သွားနိုင်ကြရန် ဆုမွန်ကောင်းတောင်းရင်းနိဂုံးချုပ်ပါသည်။
၂။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသော ရွှေဘုန်းပွင့်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်အား ယခင်နှစ်အတိုင်း မိမိတို့မြို့နယ်မှ တာဝန်ယူ ကြီးမှူးကျင်းပရမှာဖြစ်ကြောင်း ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်သွားမှာ ဖြစ်ကြောင်း ၊ အစည်းအဝေးတက်ရောက်လာသူများမှ လည်း မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား အသေးစိတ်ဆွေးနွေးပေးစေလို ကြောင်းနှင့် ရွှေဘုန်းပွင့်ဂေါပကအဖွဲ့မှလည်း ဆပ်ကော်မတီတိုင်းတွင် ပါဝင်သဖြင့် ယခင်နှစ်ဆောင်ရွက်ခဲ့ သည့်အတိုင်း ဆောင်ရွက်ရမည့်လုပ်ငန်းများအား တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။ လုပ်ငန်း ကော်မတီအလိုက် ကုန်ကျစရိတ်များအားတင်ပြပေးသွားစေလိုကြောင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ပြီး ဆုံးပါက အမှန်ကုန်ကျစရိတ်အား (၃)ရက်အတွင်း ဦးစီးကော်မတီသို့ တင်ပြပေးစေလိုကြောင်း ပြောကြား သွားပါ သည်။
ယင်းနောက်အစည်းအဝေးအား (၁၆၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။
TG-GAD