တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် MercyCorps နှင့်ကရုဏာ မြန်မာတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူတိုင်းအကျုံးဝင်သော သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော
စိတ်ဝင်စားမှုအခြေပြု စေ့စပ် ညှိနှိုင်းရေး (Intrested Based Negotiation)သင်တန်းအား တက်ရောက် ခဲ့ပြီးသောသူများအားသင်တန်း၏ နောက်ဆက်တွဲအစီ အစဉ်ဖြစ်သော စေ့စပ်ညှိနှိုင်းရေး၌ တွေ့ကြုံရသော အခက်အခဲများ၊ အောင်မြင်မှု များ၊ ဖြေရှင်းရန်သိလိုသော နည်းလမ်းများနှင့် အတွေ့အကြုံနှီးနှော ဖလှယ်မည့်အစီအစဉ်အား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားအား (၉း၀၀)နာရီအချိန်မှစတင်ကျင်းပခဲ့ပြီး ပထမဦးစွာ ကြိုဆိုခြင်းနှင့်မိတ်ဆက်ခြင်း များပြုလုပ်ဆောင်ရွက်ခဲ့ပြီး၊ နောက် အတွေ့အကြုံများဝေမျှခြင်း၊ စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းရေးနည်းလမ်းများအား ပြန်လည်ဆန်းစစ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များစသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ ကြပါသည်။ အဆိုပါ လူတိုင်းအကျုံးဝင်သော သဘာဝ အရင်း အမြစ်စီမံခန့်ခွဲရေး စီမံကိန်း၊ စေ့စပ်ညှိနှိုင်းရေး အတွေ့အကြုံ နှီးနှောဖလှယ်မည့်အစီအစဉ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြို့မိ/မြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး စုစုပေါင်း တက်ရောက်သူ အင်အား (၃၀)ဦးခန့်ရှိပါသည်။
အစီအစဉ်အား နေ့လည် (၁၂း၁၅)နာရီအချိန်တွင် ခေတ္တရပ်နားပြီး နေ့လယ် (၁၃း၀၀)နာရီ တွင်ပြန်လည် စတင်မည်ဖြစ်ကြောင်း၊ အခမ်းအနားပြီးဆုံးချိန်မှာ ညနေ (၄း၃၀)အချိန်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း တင် ပြအပ်ပါသည်။
Taunggyi Township -G.A.D
No comments:
Post a Comment