တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း စံပြမြို့နယ်ဆု ရွေးချယ်ရေးကိစ္စနှင့်ပတ်သက်၍ (၁၅-၃-၂၀၁၄)ရက်နေ့( ၁၅၀၀)နာရီအချိန် ရပ်မိ/ရပ်ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပူးပေါင်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ စံပြဆုအတွက် ရွေးချယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာပါရှိရေး စိစစ်ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ အချက်အလက်များပြည့်စုံစွာတင်ပြဆောင်ရွက်နိုင်ရေး တောင်ကြီးမြို့၏ ထူးခြားချက်များ၊ ထူးချွန်ချက်များ မကျန်ရစ်စေရေး သတိပြုဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတချီးမြှင့်မည်ဖြစ်သည့် စံပြမြို့နယ်ဆုအား တောင်ကြီးမြို့သည် လျာထားစာရင်းတွင်ပါရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့အား စိစစ်ရွေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ရာ ရရှိလာမည့်အခွင့်အရေးများ၊
ရလဒ်များအတွက် တက်နိုင်သည့်ဘက်မှကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ
တောင်ကြီးမြို့နယ်၏လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး အတွက်အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
No comments:
Post a Comment