၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ဂုဏ်ပြု
မှတ်တမ်းလွှာ ဆက်ကပ်ခြင်း အခမ်းအနား နှင့် နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို (၃-၅-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင်
နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ရရှိကြသော ဖွံ့ဖြိုးတိုးတက်မှု
အကောင်းဆုံး မြို့နယ်ဆု၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး စံပြကျေးရွာဆု၊
စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူလယ်သမားဆု၊ မွေးမြူထုတ်လုပ်မှု
ထူးချွန် လူပုဂ္ဂိုလ်ဆု၊ မွေးမြူထုတ်လုပ်မှု ထူးချွန် လုပ်ငန်းရှင်ဆု၊
ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်မှု ထူးချွန် လုပ်ငန်းရှင်ဆု၊ နိုင်ငံတော်နှင့်
ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆု၊
အများပြည်သူ ဘေးအန္တရယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း
ကယ်တင်စွမ်းဆောင်သူဆု ရရှိသူများ၏ စွမ်းဆောင်ရည်အလိုက် ပြကွက်များကို
ပြသသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆု
ရရှိကြသော ဖွံ့ဖြိုးတိုးတက်မှု အကောာင်းဆုံးမြို့နယ်ဆုရ ရှမ်းပြည်နယ်မှ
တောင်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး စံပြကျေးရွာဆုရ
မွန်ပြည်နယ် ရေးမြို့နယ်မှ အစင်ကျေးရွာ၊ စိုက်ပျိုးထုတ်လုပ်မှု
ထူးချွန်တောင်သူ လယ်သမားဆုရ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်မှ ဦးကျော်ဇော၊
မွေးမြူထုတ်လုပ်မှု ထူးချွန်လူပုဂ္ဂိုလ်ဆုရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ
ရွှေမြင့်မိုရ် မွေးမြူရေး လုပ်ငန်းပိုင်ရှင် ဒေါက်တာမိုးစည်သူ၊
မွေးမြူထုတ်လုပ်မှု ထူးချွန် လုပ်ငန်းရှင်ဆုရ
ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှ တက်ချောင်မွေးမြူရေး လုပ်ငန်းပိုင်ရှင်
ဒေါက်တာသိန်းစိန်၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်မှု ထူးချွန်လုပ်ငန်းရှင်ဆုရ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့မှ United Myeik Co;Ltd ဥက္ကဋ္ဌ
ဦးခင်မောင်ကျော်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု
အကောင်းဆုံး လူမှုရေး အသင်းအဖွဲ့ဆုရ ကချင်ပြည်နယ်မှ ထူးဖောင်ဒေးရှင်း
အများပြည်သူ ဘေးအန္တရယ် ကျရောက်မှုအား သက်စွန့် ကြိုးပမ်းကယ်တင်
စွမ်းဆောင်သူဆုရ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့မှ ဦးခင်ဦး၊
နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည်ဆုရ (တစ်ဦးချင်း) ဆုရ
ရန်ကုန်တိုင်းဒေသကြီးမှ ဝူရှူးအားကစားသမား ဦးဝေဖြိုးအောင်၊
နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည်ဆု (အသင်းအဖွဲ့အလိုက်) ဆုရ
ရန်ကုန်တိုင်းဒေသကြီးမှ လှေလှော်အဖွဲ့ချုပ် အကျိုးအမြတ်မယူသော
ထူးချွန်စီးပွားရေး အသင်းအဖွဲ့ဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာနိုင်ငံ
စက်မှုကုန်ထုတ်လုပ်သူများ အသင်း၊ အကျိုးအမြတ် ရယူသော ထူးချွန်
စီးပွားရေးအသင်းအဖွဲ့ဆုရ မန္တလေးတိုင်းဒေသကြီးမှ သမဝါယမ အသင်းစု၊
ပို့ကုန်ထူးချွန်လုပ်ငန်းရှင်ဆုရ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ
ဦးအုန်းဆိုင်၊ တန်ဖိုးမြှင့် ထုတ်ကုန် ထူးချွန်
ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုရ ရှမ်းပြည်နယ်
ဟဲဟိုးမြို့နယ်မှ Myanmar Belle Co;Ltd ပိုင်ရှင် ဦးရဲမြင့်အောင်၊
နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ တာဝန်ထူးချွန် ထမ်းဆောင်သည့် လုပ်ငန်းရှင်ဆုရ
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု
ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဇော်နိုင်၊
ထုတ်လုပ်ရောင်းချမှု ထူးချွန် အသေးစား စီးပွားရေးလုပ်ငန်းရှင်ဆုရ
မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် အောင်နိုင်သူ သံရည်ကြို
လုပ်ငန်းရှင် ဦးအောင်ဆန်း၊ ထုတ်လုပ်ရောင်းချမှု ထူးချွန် အလတ်စား
စီးပွားရေး လုပ်ငန်းရှင်ဆုရ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်မှ
Fame ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါက်တာ ခင်မောင်လွင်တို့အား
လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင် ဆုရရှိသည့်
ရန်ကုန်တိုင်းဒေသကြီးမှ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးနှင့် ကမ္ဘောဇဘဏ် လီမိတက်
ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့အား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများသည်
နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ အထူးဂုဏ်ထူးဆောင်ဆု ရရှိသူများနှင့်လည်းကောင်း၊
ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူများနှင့်လည်းကောင်း မှတ်တမ်းတင်
ဓာတ်ပုံရိုက်ခဲ့ကြသည်။
ထိုသို့ရရှိခဲ့သော ဆုများတွင် တောင်ကြီးမြို့နယ်မှ ရရှိသော အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှု စံပြမြို့နယ်ဆု အား တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် မြို့ဖွံ့ဖြိုး တိုးတက်မှုအထောက်အကူပြုဥက္ကဌ ဦးစွန်ကြိုင်နှင့် ဦးစိုင်းအောင်ဆာတို့မှ အသီးသီးဆုလက်ခံရယူခဲ့ပါသည်။
TGI
No comments:
Post a Comment