ညနေ( ၄း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း
တွင် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည်ဆု မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးဆု ရရှိ ခဲ့သော ကမ္ဘာလုံးဆု၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာတို့အား တောင်ကြီးမြို့၏ ထူးချွန်ပြောင်မြောက်လှသော ဆု၊
တစ်နိုင်ငံလုံးအတိုင်းအတာတွင် ပထမရရှိခဲ့ခြင်းဖြစ်သဖြင့် သမိုင်းမှတ်တိုင်ထားရှိရန် အတွက် အစည်းအဝေးပြု
လုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ၊
စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်အဆင့်ကော်မတီဝင်များ တက်
ရောက်ကြပါသည်။ အစည်းအဝေး၌ အထိမ်းအမှတ် မှတ်တမ်းကျောက်တိုင်ထားရှိနိုင်ရန်နေရာရှာဖွေရေး၊ ပုံစံထုတ်လုပ်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသည် ညနေ( ၅း၁၅)နာရီအချိန်တွင် ပြီးစီးဆုံးခဲ့ပါသည်။ယင်းသို့ တောင်ကြီးမြို့၏ တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့ခြင်းအား အထိမ်းအမှတ် မှတ်ကျောက်တင်နိုင်ရန်အတွက်လိုအပ် သောအကြံအဥာဏ်များအား တောင်ကြီးမြို့ခံပြည်သူများအနေဖြင့်
ပေးပို့နိုင်ပါသည်။
TGI
No comments:
Post a Comment