Tuesday, September 30, 2014

ေ​တာ​င်ြ​ကီးြ​မို့​​နယ်အ​တွ​င်း​ရှိ အေ​သး​စား​နှ​င့်​အလတ်စား လုပ်င​န်းများ​အား Base Line Surveyြ​ပု​လုပ်ရ​န် ညှိနှို​င်းေ​ဆွး​နွေး​ပွဲကျ​င်းပ

မြန်မာနိုင်ငံရှိ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် German Instisute For Development Evaluation (DIVal)အဖွဲ့အစည်းမှ အသေးစားနှင့်အလတ်စား လုပ်ငန်း
(၂၅၀၀)ခန့်အား Base Line  Survey ပြုလုပ်လိုခြင်းနှင့်ပတ်သက်၍ ကနဦးတွေ့ဆုံဆွေးနွေးမှုအား
 တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ
တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ ပဏာမအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊
တောင်ကြီးမြို့နယ်အတွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းများအား Base Line  Survey ပြုလုပ်နိုင်
ရန်အတွက် လိုအပ်သည်များညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့German Instisute For Development Evaluation (DIVal)အဖွဲ့အစည်းမှတာဝန်ရှိသူများ တောင်ကြီးမြို့နယ်

စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီချိုနှင့် မြို့နယ်ဦးစီးမှူးဦးမြစိန်တို့မှ တက်ရောက်
ခဲ့ကြပါသည်။

တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

No comments:

Post a Comment