တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအစီအစဉ်အားယနေ့ (၂၉-၈-၂၀၁၄)ရက်နေ့မွန်းလွဲ (၁၃၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲဦးစီး ပထမတန်း ဒုတိယရဲမှူးကြီး လှိုင်တင့်မှ ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး၊ နယ်မြေ တည်ငြိမ် ရေးနှင့် တရားဥပဒေစိုးမိုးရေး တည်ဆောက်ခြင်း အကြောင်း ဆွေးနွေးခြင်း၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၂)တပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်မှ ရပ်ရွာလူထုအခြေပြုပြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအကြောင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း၊ ရေအေးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလောဝ်မှ မူးယစ်နှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ပြီး ဒုတိယရဲမှူးကြီး ရွှေညာမောင်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ယင်းနောက်တွင် ဒုတိယရဲမှူးကြီး လှိုင်တင့်နှင့် ဒုတိယရဲမှူးကြီး ရွှေညာမောင်တို့မှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ ဆက်လက်၍ လုပ်ငန်း လိုအပ်ချက်များဆောင်ရွက် ရေး၊ လုပ်ငန်းပြန်လည်တင်ပြမှု လျှင်မြန်စေရေးတို့အား ဆွေးနွေးမှာကြားဆောင်ရွက်ခဲ့ပါသည်။အစည်းအဝေးအား ညနေ (၁၆၄၀)နာရီအချိန်တွင်အောင်မြင်စွာရုပ်သိမ်းလိုက်ပါကြောင်းတင်ပြအပ်ပါသည်။
Taunggyi GAD
No comments:
Post a Comment