(၁၅-၆-၂၀၁၄)ရက်နေ့ (၁၆၀၀)နာရီအချိန်
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၃၇)ဦး၏ သား/သမီးများ (၆၂)ဦးအား ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားပြုလုပ် ပါသည်။ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၁)ဦးအားလည်းကောင်း၊ တက္ကသိုလ်၌ ပညာသင်ကြားနေသော ကျောင်းသား/သူ (၄)ဦးအား (၁)ဦးလျှင် ကျပ်တစ်သောင်းစီဖြင့် လည်းကောင်း၊ အထက်တန်း၌ ပညာသင်ကြားနေသောကျောင်းသား/သူ (၁၃)ဦးအား (၁)ဦးလျှင်ကျပ် (ခုနှစ်ထောင်)စီဖြင့် လည်းကောင်း၊ အလယ်တန်း၌ပညာသင်ကြားနေသော ကျောင်းသား/သူ (၁၆)ဦးအား (၁)ဦးလျှင် ကျပ် (ငါးထောင်)စီဖြင့် လည်းကောင်း၊ မူလတန်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူ (၂၁)ဦးအား (၁)ဦး လျှင် ကျပ် (လေးထောင်)ဖြင့်လည်းကောင်း၊ မူကြိုကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူ (၇)ဦးအား (၁)ဦးလျှင်ကျပ် (သုံးထောင်)စီဖြင့်လည်းကောင်းနှင့် စာရေးကိရိယာများထောက်ပံ့ပေးခဲ့ပါသည်။
ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာပေးအပ်ပွဲအခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၀၁၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ နှင့် တက္ကသိုလ်တက်ရောက်သူများကိုယ်စား နည်းပညာတက္ကသိုလ်၊ စတုတ္ထနှစ်၌ ပညာသင်ကြားနေသော စိုင်းစိုးမိုးကောင်းမြတ်အားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်မိုးမိုးအေးမှ အထက်တန်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများကိုယ်စား၊ နဝမတန်းကျောင်းသူ မသီရိဇော်နှင့်အလယ်တန်း ၌ ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသားများကိုယ်စား ဆဌမတန်း၌ ပညာသင်ကြားနေသော မခင်ထက်ထက်ဇော်နှင့် မမြသဉ္ဇာကျော်အား လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ မူလတန်း၌ ပညာသင်ကြားနေသော ကျောင်းသား/သူများကိုယ်စားပထမတန်းကျောင်းသူ မကြည်စင်လင်းလက်အား လည်းကောင်း၊ မြို့နယ်ဒုတိယဦးစီးမှူးမှ မူကြိုကျောင်းတက်နေသော ကျောင်းသား/သူများကိုယ်စား မဆုရည်လင်းလင်းအားလည်းကောင်းအသီးသီးထောက်ပံ့ငွေနှင့်စာရေးကိရိယာများပေးအပ်ခဲ့ပါသည်။
ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို (၁၆:၃၀)နာရီပြီးဆုံးသွားပါကြောင်းတင်ပြအပ်ပါသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တောင်ကြီးမြို့
No comments:
Post a Comment