ဆက်လက်၍ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ၊ ဆရာတော်သံဃာတော်များတို့က အခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် ဩဝါဒါစရိယ (အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဌာန စရိယ) စွန်းလွန်းဂူ ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
၎င်းနောက် ပြည်နယ် သံဃာနာယက အဖွဲ့ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေတော်မူ ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
No comments:
Post a Comment