တောင်ကြီးမြို့၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူကော်မတီများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူကော်မတီများ ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအား ယနေ့ (၁၃၀၀)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အဓိက အရာဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ရပ်မိရပ်ဖများနှင့် ဒေသအတွင်းရှိ အထောက်အကူပြု အဖွဲ့များ ပေါင်းစပ်၍ ပြည်သူတို့၏လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်တင်ပြသွားကြရန်၊ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ခြင်းသည် အရာအားလုံးအောင်နိုင်မှုကို ရရှိနိုင်ပါကြောင်း၊ ပွင့်လင်းမြင်သာ သောယနေ့ခေတ်တွင် အခက်အခဲ၊ ပြဿ နာ များကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆန္ဒပြခြင်းဖြင့် ဖော်ထုတ်မည့်အစား တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များတင်ပြ ညှိနှိုင်းမည်ဆိုလျှင် အချိန်တိုအတွင်း အောင်မြင်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့တွင် မကြာမီအချိန်အတွင်းမြို့အုပ်ချုပ်ရေးရုံးဖွင့်လှစ်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ယင်းသို့အုပ်ချုပ်ရေးယန္တရားအဆင့်မြှင့်တင်၍ ဆောင်ရွက်ရခြင်းကြောင့် ပြည်သူများ၏ လိုအပ်ချက်၊ လူမှုရေး၊ စီးပွားရေးအခက်အခဲများအား တတ်အားသရွှေ့ ဖြေရှင်းဆောင်ရွက်ရာတွင် တိုးတက်ဆောင်ရွက်နိုင် တော့မှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူကော်မတီများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူကော်မတီများ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲသည် ညနေ (၁၅၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းတင်ပြအပ်ပါသည်။
Taunggyi Township GAD
No comments:
Post a Comment