Wednesday, March 11, 2015
လျှပ်စစ်စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်နှင့် တွေ့ဆုံဆွေးနွေး
(၉-၃-၂၀၁၅)ရက်နေ့
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်နှင့်အဖွဲ့၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စက်မှုလုပ်ငန်းရှင်အသင်းတို့မှ မြို့နယ်အုပ်ချုပ်ရေး မှူး ရုံးခန်းအတွင်း ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေးစီမံကိန်းအကောင်အထည်ဖော် နိုင်ရန်အတွက် ပဏာမညှိနှိုင်းတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင် ပညာ၇ှင် Chalotte Bisley (For world Bank)မှ လျှပ်စစ်မီးသွယ်တန်းနိုင်ရေး အားနည်းချက်၊ အားသာ ချက်မျာအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အပြုအကျိုးသက်ရောက်မှု၊ အဆိုးအကျိုးသက်ရောက်မှုများအား အဘက်ဘက်မှ အဆင်ပြေချောမွေ့စေရန်၊ ဒေသနှင့်ကိုက်ညီသော စနစ်တစ်ခုဖြစ်စေရန်အတွက် တက်
ရောက်လာသူများမှ အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ယင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါက မြန်မာနိုင်ငံသည် မီးမလင်းသည့် နေရာမရှိ၊ စိုက်ပျိုးရေးလုပ်ငန်းသည်လည်းအမှန်တကယ် စက်မှုလယ်ယာစနစ်သို့အသွင်လုံးဝကူးပြောင်းသွားနိုင် မည်ဖြစ်ပြီး၊ ကျေးရွာများသည် နိုင်ငံတကာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ အဆင့်ကွာဟချက်မရှိဘဲ အလျှင် အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ပြည်သူများအတွက်လည်း အနာဂတ်ကာလတွင် မိမိတို့၏ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးများအား တစ်ပြေးညီ ပြုစုပျိုးထောင်လာနိုင်တော့မည်ဖြစ်ပါသည်။
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
Subscribe to:
Post Comments (Atom)
No comments:
Post a Comment