Monday, October 2, 2017



(၂၉)ကြိမ်မြောက်နှစ်ပတ်နေ့အကြို ဂုဏ်ပြုအစီအစဉ်ဆောင်ရွက်ခြင်း


ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၉)ကြိမ်မြောက်နှစ်ပတ်လည်နေ့အကြို ဂုဏ်ပြုသောအားဖြင့် (၂-၁၀-၂၀၁၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် တောင်ကြီးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပညာရေး ကဏ္ဍအနေဖြင့် ၀န်ထမ်းမိသားစုများ၏ ပညာသင်ကြားနေသော  သား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာ များထောက်ပံ့ပေးအပ်ခြင်း၊

တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ မွေးလူနာ မိခင်များအား ပဲနို့ရည်/ ကိတ်မုန့်များ ထောက်ပံ့ပေးခြင်းနှင့် ရွှေညောင်မြို့၊ မင်္ဂလာရပ်ကွက်၊ စက်မှုဇုန်ကျောင်းဆရာတော်အား န၀ကမ္မ ၀တ္ထု အလှူငွေများနှင့် မုန့်ခဲဘွယ်များ ရုံးတွင် ဆက်ကပ်လှူဒါန်းမှုများ ဆာင်ရွက်ခဲ့ပါ ကြောင်းမှတ်တမ်း တင်အပ်ပါသည်။


















No comments:

Post a Comment