Tuesday, May 1, 2018

ပါဠိပါဒကစာမေးပွဲစာအောင်သံဃာတော်များအား ဆုနှင်းသဘင်ပွဲကျင်းပမည်ဖြစ်

တောင်ကြီးမြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်မှကြီးမှူး၍
တောင်ကြီးမြို့နယ် ပါဠိပါဒက စာအောင်သံဃာများဆုချီးမြှင့်ပွဲ
အခမ်းအနားကျင်းပနိုင်ရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ
များဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းကျောင်း
တိုက်၌ ယနေ့ (၁၄း၀၀)နာရီအချိန်ကျင်းပပြုလုပ်ခဲ့။
                                     ******
ပါဠိပါဒကစာမေးပွဲတွင် ဆရာတော်သံဃာတော်များမှ အင်္ဂလိပ်စာ
နှင့် သင်္ချာဘာသာရပ်များကိုပါ သင်ကြားဖြေဆိုရကြောင်း ရှမ်းပြည်
နယ်တွင် ဒုတိယအကြိမ်ဖြေဆို ပြီးဖြစ်၍ ဆုနှင်းသဘင်ချီးမြှင့်ပွဲ
အခမ်းအနားကို တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံတွင် (၇-၅-၂၀၁၈)ရက်နေ့
နေ့လည် (၁၃း၀၀)နာရီအချိန်တွင် စာအောင်သံဃာတော်များ၊ ပင့်
သံဃာတော်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့အကြီးအကဲများ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ မြို့ပေါ် (၂၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများအား
ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။



No comments:

Post a Comment