Tuesday, May 1, 2018

(၂၉-၅-၂၀၁၈) ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့။


ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိပရိဘောဂစေတီခေါ်မဟာဗောဓိညောင်ပင်အား (၂၉-၅-၂၀၁၈) ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ၀တ်အသင်းအဖွဲ့များ ပြည်သူလူထုများတက်ရောက်ခဲ့ပြီး အခမ်းအနားအစီအစဉ် အရနမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း ၊ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားစတင်ကြောင်း ကြေငြာခြင်း။ ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော်မင်္ဂလာကဗျာများကို ဝတ်ရွတ်အသင်း မှသံပြိုင် ညီညာ ရွတ်ပွားပူဇော်ခြင်း။နဂါး၊ ဂဠုန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူးချီးကျူး ကြွေးကြော်သံ ကဗျာများကို ဝတ်ရွတ်အသင်းမှ သံပြိုင်ညီညာပူဇော်ခြင်း။ အခမ်းအနားမှူးမှ ပရိတ်သတ်ကိုယ်စား ဗောဓိရုက္ခောဒကသိဉ္ဇနမင်္ဂလာဂါထာတော်ဖြင့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း။ ဂါထာတော် အဆုံး တွင် ပရိတ်သတ်အပေါင်းက ဗောဓိညောင်ခြေ ပလ္လင်ဗွေ၌ ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ခြင်း။ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ၊ ခရိုင်/မြို့နယ်နှင့် ရပ်မိရပ်ဖများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဝတ်အသင်းများနှင့် အသင်းအဖွဲ့၊ ကုမ္ပဏီများ ပြည်နယ်သူ ပြည်နယ်သားအပေါင်းတို့က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း။ အခမ်းအနားမှူးက ပရိတ်သတ်ကြီးကိုယ်စား ပတ္တာနုမောဒနာဂါထာတော်ဖြင့် ညောင်ရေတော်သွန်း လောင်းမူအကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို လူနတ်ဗြဟ္မာသတ္တဝါတို့အား အမျှပေးဝေခြင်း။ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းကြောင်း ကြေငြာ၍ အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။







No comments:

Post a Comment