(၂၉-၅-၂၀၁၈)ရက်နေ့
၊ ညအချိန် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် တောင်ကြီးမြို့ ပေါ်တွင် အဆုတ်ဆေးရုံမီးပွိုင့်၊
သီးသန့်ရဲစခန်း၊ အမှတ် (၇)အခြေခံပညာအထက်တန်း ကျောင်း၊ မူလမင်းကွန်း ဘုန်းတော်ကြီးကျောင်း၊
မြကန်သာပန်းခြံတို့အနီးပတ်ဝန်းကျင်များ၌ သစ်ပင်များလဲကျခြင်း၊ အကိုင်း ကျိုးကျခြင်း၊
အချို့နေရာများတွင် ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျခြင်း၊ ကြော်ငြာဘေဘုတ်ပြိုလဲခြင်း များဖြစ်ပွားခဲ့ပြီး၊
ရွှေဘုန်းပွင့်ဘုရားအရန် စေတီမြေခခြင်း၊ အလှူခံဌာန အမိုးလန် ပျက်စီးခြင်း၊ တောင်ကြီး-အေးသာယာမြို့အတက်/
အဆင်း လမ်းတွင် သစ်ပင်များပြိုလဲခြင်း၊ အကိုင်းကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ လူနှင့်တိရိစ္ဆာန်များ
ထိခိုက်သေဆုံးမှုမရှိခဲ့၊ ယင်းနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မြို့နယ်စည်ပင်သာယာရေး ၀န်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးမှူးနှင့်
ဝန်ထမ်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးများနှင့် တပ်မတော်သားများ၊
ဒေသခံပြည်သူများမှ ပူးပေါင်းရှင်းလင်း ဆောင်ရွက်မှုကြောင့် (၃၀-၅-၂၀၁၈) ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင်
လမ်းများအားလုံးသွားလာမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ခဲ့ပြီး သန့်ရှင်းရေး
လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
No comments:
Post a Comment