(၂၉-၅-၂၀၁၈)ရက်နေ့
၊ ညအချိန် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် တောင်ကြီးမြို့ ပေါ်တွင် အဆုတ်ဆေးရုံမီးပွိုင့်၊
သီးသန့်ရဲစခန်း၊ အမှတ် (၇)အခြေခံပညာအထက်တန်း ကျောင်း၊ မူလမင်းကွန်း ဘုန်းတော်ကြီးကျောင်း၊
မြကန်သာပန်းခြံတို့အနီးပတ်ဝန်းကျင်များ၌ သစ်ပင်များလဲကျခြင်း၊ အကိုင်း ကျိုးကျခြင်း၊
အချို့နေရာများတွင် ဆက်သွယ်ရေးဖုန်းတိုင်ကျိုးကျခြင်း၊ ကြော်ငြာဘေဘုတ်ပြိုလဲခြင်း များဖြစ်ပွားခဲ့ပြီး၊
ရွှေဘုန်းပွင့်ဘုရားအရန် စေတီမြေခခြင်း၊ အလှူခံဌာန အမိုးလန် ပျက်စီးခြင်း၊ တောင်ကြီး-အေးသာယာမြို့အတက်/
အဆင်း လမ်းတွင် သစ်ပင်များပြိုလဲခြင်း၊ အကိုင်းကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ လူနှင့်တိရိစ္ဆာန်များ
ထိခိုက်သေဆုံးမှုမရှိခဲ့၊ ယင်းနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မြို့နယ်စည်ပင်သာယာရေး ၀န်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးမှူးနှင့်
ဝန်ထမ်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးများနှင့် တပ်မတော်သားများ၊
ဒေသခံပြည်သူများမှ ပူးပေါင်းရှင်းလင်း ဆောင်ရွက်မှုကြောင့် (၃၀-၅-၂၀၁၈) ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင်
လမ်းများအားလုံးသွားလာမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ခဲ့ပြီး သန့်ရှင်းရေး
လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
Tuesday, May 29, 2018
Monday, May 28, 2018
၂၀၁၈ ခုနှစ် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၀၇/၂၀၁၈)
၂၀၁၈ ခုနှစ်၊ မေလ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်အား မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ မိုးကြီးမည့် သတိပေးချက်အမှတ်စဉ် (၀၇/၂၀၁၈)ဖြင့် အောက်ပါအတိုင်းထုတ်ပြန်ကြော် ငြာထားရှိပါသည်။
ရှမ်းပြည်နယ်အနေဖြင့် ဇွန်လပိုင်း၌ မိုးရေချိန် (၂၄) နာရီအတွင်း (၇၇)မီလီမီတာ (၃လက်မ)နှင့်အထက် ရွာသွန်းနိုင်ပြီး မိုးရွာရက် (၂၀)ရက်မှ (၂၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သဖြင့် မိုးရွာသွန်းချိန်နှင့် ရွာသွန်းပြီးနောက်ပိုင်း ရေကြီးခြင်းနှင့် မြေပြိုကျမှုအန္တရာယ်များ မဖြစ်ပွားစေရေး အထူးဂရုစိုက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးအပ်ပါသည်။

Tuesday, May 1, 2018
(၂၉-၅-၂၀၁၈) ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တောင်ကြီးမြို့၊
စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးရှိပရိဘောဂစေတီခေါ်မဟာဗောဓိညောင်ပင်အား (၂၉-၅-၂၀၁၈)
၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့်
မင်္ဂလာအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ၀တ်အသင်းအဖွဲ့များ ပြည်သူလူထုများတက်ရောက်ခဲ့ပြီး
အခမ်းအနားအစီအစဉ် အရနမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း ၊
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားစတင်ကြောင်း ကြေငြာခြင်း။ ကဆုန်လပြည့်
(ဗုဒ္ဓအခါတော်နေ့) ဂုဏ်ပြုပူဇော်မင်္ဂလာကဗျာများကို ဝတ်ရွတ်အသင်း မှသံပြိုင် ညီညာ ရွတ်ပွားပူဇော်ခြင်း။နဂါး၊
ဂဠုန်၊ နတ်ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူးချီးကျူး ကြွေးကြော်သံ ကဗျာများကို ဝတ်ရွတ်အသင်းမှ
သံပြိုင်ညီညာပူဇော်ခြင်း။ အခမ်းအနားမှူးမှ ပရိတ်သတ်ကိုယ်စား ဗောဓိရုက္ခောဒကသိဉ္ဇနမင်္ဂလာဂါထာတော်ဖြင့်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း။ ဂါထာတော် အဆုံး တွင် ပရိတ်သတ်အပေါင်းက ဗောဓိညောင်ခြေ
ပလ္လင်ဗွေ၌ ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ခြင်း။ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်အဆင့်ဌာနဆိုင်များ၊ ခရိုင်/မြို့နယ်နှင့် ရပ်မိရပ်ဖများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းများ
ဆောင်ရွက်ခဲ့ပြီး ဝတ်အသင်းများနှင့် အသင်းအဖွဲ့၊ ကုမ္ပဏီများ ပြည်နယ်သူ ပြည်နယ်သားအပေါင်းတို့က
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း။ အခမ်းအနားမှူးက ပရိတ်သတ်ကြီးကိုယ်စား ပတ္တာနုမောဒနာဂါထာတော်ဖြင့်
ညောင်ရေတော်သွန်း လောင်းမူအကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို လူနတ်ဗြဟ္မာသတ္တဝါတို့အား
အမျှပေးဝေခြင်း။ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းကြောင်း
ကြေငြာ၍ အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ပါဠိပါဒကစာမေးပွဲစာအောင်သံဃာတော်များအား ဆုနှင်းသဘင်ပွဲကျင်းပမည်ဖြစ်
တောင်ကြီးမြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်မှကြီးမှူး၍
တောင်ကြီးမြို့နယ် ပါဠိပါဒက စာအောင်သံဃာများဆုချီးမြှင့်ပွဲ
အခမ်းအနားကျင်းပနိုင်ရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ
များဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းကျောင်း
တိုက်၌ ယနေ့ (၁၄း၀၀)နာရီအချိန်ကျင်းပပြုလုပ်ခဲ့။
******
ပါဠိပါဒကစာမေးပွဲတွင် ဆရာတော်သံဃာတော်များမှ အင်္ဂလိပ်စာ
နှင့် သင်္ချာဘာသာရပ်များကိုပါ သင်ကြားဖြေဆိုရကြောင်း ရှမ်းပြည်
နယ်တွင် ဒုတိယအကြိမ်ဖြေဆို ပြီးဖြစ်၍ ဆုနှင်းသဘင်ချီးမြှင့်ပွဲ
အခမ်းအနားကို တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံတွင် (၇-၅-၂၀၁၈)ရက်နေ့
နေ့လည် (၁၃း၀၀)နာရီအချိန်တွင် စာအောင်သံဃာတော်များ၊ ပင့်
သံဃာတော်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့အကြီးအကဲများ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ မြို့ပေါ် (၂၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများအား
ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Monday, October 2, 2017
(၂၉)ကြိမ်မြောက်နှစ်ပတ်နေ့အကြို
ဂုဏ်ပြုအစီအစဉ်ဆောင်ရွက်ခြင်း
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
(၂၉)ကြိမ်မြောက်နှစ်ပတ်လည်နေ့အကြို ဂုဏ်ပြုသောအားဖြင့် (၂-၁၀-၂၀၁၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်
တောင်ကြီးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပညာရေး ကဏ္ဍအနေဖြင့် ၀န်ထမ်းမိသားစုများ၏
ပညာသင်ကြားနေသော သား/သမီး၊ ကျောင်းသား/ကျောင်းသူများအား
ပညာသင်ထောက်ပံ့ငွေ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာ များထောက်ပံ့ပေးအပ်ခြင်း၊
တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ
မွေးလူနာ မိခင်များအား ပဲနို့ရည်/ ကိတ်မုန့်များ ထောက်ပံ့ပေးခြင်းနှင့် ရွှေညောင်မြို့၊
မင်္ဂလာရပ်ကွက်၊ စက်မှုဇုန်ကျောင်းဆရာတော်အား န၀ကမ္မ ၀တ္ထု အလှူငွေများနှင့် မုန့်ခဲဘွယ်များ
ရုံးတွင် ဆက်ကပ်လှူဒါန်းမှုများ ဆာင်ရွက်ခဲ့ပါ ကြောင်းမှတ်တမ်း တင်အပ်ပါသည်။
Subscribe to:
Posts (Atom)