မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တောင်ကြီးမြို့
ဒေသန္တရအမိန့်အမှတ်(၂/၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော်( )ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်)
၁။ တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူများသိရှိနိုင်ရန် ဤအမိန့်ကို ထုတ်ပြန်လိုက် သည်။
၂။ တောင်ကြီးမြို့နယ်ရှိ လူနေရပ်ကွက်များအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော မိန်းကလေးငယ်များဖြင့် တရားမ၀င် အနှိပ်ခန်းများဖွင့်လှစ်နေကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ခွင့်ပြုချက်မရရှိဘဲ အနှိပ်ခန်းဖွင့်လှစ်ခြင်းအား မည်သူမျှမပြုလုပ် ကြရန် တားမြစ်လိုက် သည်။
၃။ ဤတားမြစ်ချက်ကို ဖောက်ဖျက်သူမည်သူမဆို တည်ဆဲ ဥပဒေ များနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး
(ဇော်မြင့်သိန်း၊ပ/၃၇၄၂)
စာအမှတ်၊ ၃ / ၄၃ - ၃ / ဦ: ၆
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ရက်
ဖြန့်ဝေခြင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး ( ) ထံရပ်ကွက် အတွင်း အများသိစေရေး ကြေငြာပေးသွာ:ရန်
မိတ္တူကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးမြို့
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးမြို့
မြို့နယ်တရားရုံး၊ တောင်ကြီးမြို့
မြို့နယ်ဥပဒေရုံး၊ တောင်ကြီးမြို့
စခန်းမှူး(မြို့မ/နယ်မြေရဲတပ်ဖွဲ့စခန်း၊အေးသာယာ/ရွှေညောင်/တောင်ကြီးမြို့
လှည့်လည်စာတွဲ/လက်ခံစာတွဲ