Thursday, February 13, 2014

(၆၇) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအားပြုလုပ်

၂၀၁၄ ဖေဖော်ဝါရီလ ၁၂
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊အဝေရာကွင်းတွင် ၂၀၁၄ခုနှစ်(၆၇) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအားပြုလုပ်ခဲ့ပြီးအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး နှင့်အဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊  ပြည်နယ်တရားသူကြီးချုပ်၊
 ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊တိုင်းရင်းသား/ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်မျာ: နှင့်ပြည်သူလူထု စုစုပေါင်း(၃၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ မှပေးပို့သော သဝဏ်လွှာ အားဖတ်ကြား
 ခြင်း၊ ဆောင်ရွက်ခဲ့ပြီး ၀၈၁၅ နာရီအချိန် အခမ်းအနားပြီးဆုံးခဲ့ကြောင်းနှင့် ညနေ (၁၈၀၀)နာရီ အချိန်တွင်တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ (၆၇) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပ ပြုလုပ်ခဲ့
ရာတွင် တက်ရောက်လာသူများအား ကြက်ဆီထမင်းနှင့်ဧည့်ခံကျွေးမွေးခဲ့ပြီး၊ တိုင်းရင်းသားပဒေသာအကများ
ဖြင့် ဖျော်ဖြေခဲ့ကြကြောင်းသတင်းရရှိပါသည်။

032
This photo from http://www.shanstate.gov.mm

No comments:

Post a Comment