၂၀၁၃ ဇန်န၀ါရီလ ၎
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် ၂၀၁၄ခုနှစ်(၆၆) နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်ပွဲအခမ်းအနား အာြး ပုလုပ်ခဲ့ပြီး ၀၈၀၀ နာရီအချိန် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊
ပြည်နယ်လွှတ်တော်ဉက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဉပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်မျာ:၊ ရပခဂုဏ်ပြု တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ပြည်သူလူထု စုစုပေါင်း(၃၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့များမှ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းများဆောင်ရွက်ခဲ့ပြီး ၀၈၃၀ နာရီအချိန် အခမ်းအနားပြီးဆုံးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အားကစားပွဲများ၊ပျော်ပွဲ/ ရွှင်ပွဲများပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
TaunggyiTownship
No comments:
Post a Comment