Wednesday, February 12, 2014

(၆၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားအားပြုလုပ်ကျင်းပ

၂၀၁၄ ဖေဖော်ဝါရီလ ၇
 တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊အဝေရာကွင်းတွင် ၂၀၁၄ခုနှစ် (၆၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားအားပြုလုပ်ခဲ့ပြီး အခမ်းအနား သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊
 ပြည်နယ်လွှတ်တော်ဥက္ကဌ၊  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊
 ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊တိုင်းရင်းသား/ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားသမားများ၊ ဖိတ်ကြားထားသောဧည့်သည်တော်မျာ: နှင့်ပြည်သူလူထု စုစုပေါင်း(၃၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ မှပေးပို့သော သဝဏ်လွှာ အားဖတ်ကြားခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်ထံမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်းဆောင်ရွက်ခဲ့ပြီး ၀၈၃၀ နာရီအချိန်အခမ်းအနားပြီးဆုံးခဲ့ကာ   ဆက်လက်၍(၁၀၃၀)နာရီအချိန် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအားတောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားတွင်ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများမှ ပင့်သံဃာ(၁၁)ပါးအား လှူဖွယ်သင်္ဃန်းများ ဆက်ကပ်လှူဒါန်းကာ တရားနာ၊ အလှူရေစက်ချအမျှ ပေးဝေပြီး သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး(၁၁၀၀)နာရီအချိန်တွင်အခမ်းအနား ပြီးစီးခဲ့ကြောင်း    (၁၈၀၀)နာရီအချန်တွင်တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုညစာစားပွဲ ကျင်းပ ပြုလုပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
029
This photo from http://www.shanstate.gov.mm

No comments:

Post a Comment