မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တောင်ကြီးမြို့
ဒေသန္တရအမိန့်အမှတ်(၁/၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၃)ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
၁။ တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူများသိရှိနိုင်ရန် ဤအမိန့်ကို ထုတ်ပြန်လိုက် သည်။
၂။ တောင်ကြီးမြို့နယ်ရှိ လူနေရပ်ကွက်များအတွင်း လောင်စာဆီများ လက်လီ/လက်ကား ရောင်းဝယ်ခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းကို ပြုလုပ်နေကြသဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းပြီး မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အလို့ငှာ ပြည်သူများအနေဖြင့် တရားမဝင်လောင်စာဆီ မရောင်းချရေး လိုက်နာဆောင်ရွက်ရန် လိုအပ်နေကြောင်း တွေ့ရှိရပါသည်။
၃။ သို့ဖြစ်၍ တောင်ကြီးမြို့ပေါ်နှင့် အေးသာယာ၊ ရွှေညောင်မြို့များတွင် လောင်စာဆီများအား သတ်မှတ်ထားသော နေရာများတွင်သာ သိုလှောင်ဖြန့်ဖြူးရောင်းချကြရန်နှင့် လူနေရပ်ကွက်များအတွင်း ခွင့်ပြုချက်မရရှိဘဲ လက်ဝယ်ထားရှိခြင်း သိုလှောင်ဖြန့်ဖြူးခြင်းရောင်းချခြင်းများကို မည်သူမျှမပြုလုပ် ကြရန်နှင့် လောင်စာဆီတရားဝင်ရောင်းချခွင့် မှတ်ပုံတင်လက်မှတ်ရရှိထားသူများမှလည်း ခွင့်ပြုချက်ရရှိ ထားသောနေရာမှအပ လူနေရပ်ကွက်များအတွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်လိုက် သည်။
၎။ ဤတားမြစ်ချက်ကို ဖောက်ဖျက်သူမည်သူမဆို တည်ဆဲ ဥပဒေ များနှင့်အညီ အရေးယူခြင်း ခံရ မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး
(ဇော်မြင့်သိန်း၊ပ/၃၇၄၂)
စာအမှတ်၊ ၅ / ၆၆ - ၂ / ဦ: ၆
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ရက်
ဖြန့်ဝေခြင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး ( ) ထံ မိမိရပ်ကွက်ရှိပြည်သူများသိရှိ စေရေးကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေငြာရေး ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။
မိတ္တူကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးမြို့
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးမြို့
မြို့နယ်တရားရုံး၊ တောင်ကြီးမြို့
မြို့နယ်ဥပဒေရုံး၊ တောင်ကြီးမြို့
မြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ကြီးမြို့
မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တောင်ကြီးမြို့
စခန်းမှူး၊ အမှတ်(၁/၂)နှင့်အေးသာယာ/ရွေညောင်ရဲတပ်ဖွဲ့စခန်း၊ တောင်ကြီမြို့နယ်
ရုံးအမိန့်ဖိုင်
လှည့်လှည်စာတွဲ
ရုံးလက်ခံ
No comments:
Post a Comment